သတင်းကောင်းသယ်ဆောင်လာခြင်း

အီကွေဒေါ(Ecuador)နိုင်ငံသာသနာပြုခရီးတွင် ကျွန်မတို့လုပ်ဆောင်နေကျ အိမ်များသို့ လှည့်လည်သွားစဉ်၊ ကြက်သွန်နီရိတ်သိမ်းနေသော အမျိုးသားတစ်ဦးထံသို့သွားပြီး၊ စပိန်စကား မတောက်တခေါက်ဖြင့် ကျွန်မတို့ သူငယ်ချင်းများက သူ့အား သမ္မာကျမ်းစာအကြောင်း တိုတိုတုတ်တုတ် ပြောပြလိုကြောင်း ဆုတောင်းလျက် ပြောရာ၊ သူနားထောင်ပေးခဲ့သည်။ သူ့ကို သက်သေခံဝေမျှပြီးနောက် ကျွန်မတို့ အဖွဲ့မှတစ်ဦးက သမ္မာကျမ်းစာကို အင်္ဂလိပ်လိုဖတ်ပြရာ၊ သူကလည်း ကျွန်မတို့ပေးသော စာအုပ်ငယ်မှ စပိန်ဘာသာဖြင့်ဖတ်သည်။ အင်ဒိစ်(Andes)တောင်တန်း၌ သတင်းကောင်းဖတ်ရွတ်သံကို ကြားရခြင်းက ထူးမြတ်သောအခိုက်အတန့်ဖြစ်ခဲ့သည်။ မနီးမ‌ဝေးတွင် အလုပ်လုပ်နေသော သူ၏မိသားစုနှင့်လည်း စကားပြော ဆုတောင်းပေးပြီးနောက် အခြားတစ်အိမ်သို့ ဆက်သွားခဲ့သည်။

သမ္မာကျမ်းစာကို ရွတ်ဖတ်၊ လူများအား ခရစ်တော်အကြောင်း ပြောပြနှင့်၊ တောင်စောင်းတစ်လျှောက်ခရီးဆက်ရင်း၊ လောက၌ ကျင်လည်ခဲ့စဥ် သခင်ယေရှုနှင့် တပည့်တော်များသည်လည်း ဣသရေလတောင်တန်းများနှင့် ချိုင့်ဝှမ်းများ၌ သွားလာခဲ့‌ကြောင်း ဆင်ခြင်မိသည်။

ဟေရှာယအနာဂတ္တိကျမ်း ၅၂:၇ တွင် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏…

ကျွန်ုပ်တို့ကို ဘုရားသခင် ကြည့်ရှုစောင်မသည်

လေယာဉ်မှူးနှစ်ယောက်သည် အင်ဒိုနီးရှားနိုင်ငံသို့ ပျံသန်းစဉ်အတွင်း အိပ်ပျော်သွားခဲ့သည်။ ကပ္ပတိန်သည် အရှိန်နှုန်းမှန်မှန်ဖြင့် မောင်းနှင်နိုင်သောအမြင့်သို့ ရောက်သည်နှင့် တစ်ရေးအိပ်စက်ခွင့်ရခဲ့ပြီး၊ သူနိုးလာသောအခါ သူ၏တွဲဖက်လေယာဉ်မှူးလည်း အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့သည်။ ခရီးသည် ၁၅၀ ကျော်နှင့် လေယာဉ်ဝန်ထမ်းများပါရှိသော၊ အမြင့်ပေ ၃၆,၀၀၀ ခန့်တွင် ပျံသန်းနေသည့် လေယာဥ်ပေါ်၌ သူတို့နှစ်ဦးသည် မိနစ် ၃၀ ခန့် အိပ်ပျော်နေခဲ့သည်။ လေယာဉ်သည်လမ်းကြောင်းမှ လွဲသွားခဲ့သော်လည်း၊ ၎င်း၏ ဦးတည်ရာနေရာသို့ လုံခြုံစွာ ဆိုက်ရောက်ခဲ့သည်။

လေယာဥ်ပျံသန်းစဥ်အတွင်း လူသားလေယာဉ်မှူးများ အိပ်ပျော်သွားနိုင်သော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါမျှ အိပ်ပျော်မည် မဟုတ်ကြောင်း ကျွန်မတို့ စိတ်ချနိုင်သည်။

ဆာလံကျမ်း ၁၂၁ ပါ စကားများက ကျွန်မတို့အား နှစ်သိမ့်သက်သာမှုကို ပေးသည်။ ဘုရားသခင်သည် ပညာအစွမ်းသတ္တိနှင့် ပြည့်စုံ၍ ကျွန်မတို့၏ဘဝကို အလုံးစုံသိတော်မူသည့်အပြင်၊ သူသည် နေရာတိုင်း၌၊ တစ်နေ့တာလုံး၌ အတူရှိသော၊ တန်ခိုးအလုံးစုံနှင့်ပြည့်စုံ၍ ကျွန်မတို့ကို…

ခရစ်တော်အားဖြင့် တိုးဝင်ခွင့်ရခြင်း

လူငယ်သတင်းထောက်တစ်ဦးအနေဖြင့် “သတင်းထောက်သက်သေခံကဒ်”၏ အ‌ရေးပါမှုကို မနှေးအမြန်သိခဲ့ရသည်။ ကျွန်မ၏နာမည်၊ ဓာတ်ပုံနှင့် သတင်းဌာနအမည်ပါသောသက်သေခံကဒ်က အရေးကြီးသောပွဲ မစမီ(သို့) ပွဲအပြီးတွင် အားကစားသမားများနှင့် နာမည်ကြီးသူများကို တွေ့ဆုံမေးမြန်းခွင့်ရစေသည်။

သို့သော်၊ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်မလက်ခံပြီးနောက်၊ ဘုရားသခင်အစား အားကစားနှင့် အသက်မွေးဝမ်းကြောင်းအလုပ်သည် ကျွန်မ၏ ကိုးကွယ်ရာဖြစ်နေသည်ကို သိခဲ့ရသည်။ အခြားတစ်နေရာအတွက် ဘုရားသခင်၏ ခေါ်သံကို နာခံသောအခါ၊ သတင်းထောက်ကဒ်ကို ကျွန်မဆုံးရှုံးခဲ့ရသော်လည်း သခင်ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်၏ သန့်ရှင်းရာကောင်းကင်ပလ္လင်ခန်းသို့ ဆုတောင်းခြင်းဖြင့် ဝင်ရောက်ခွင့်ရခဲ့သည်။

ယဇ်ပုရောဟိတ်မင်းကို ဣသရေလလူမျိုးထဲမှ အထူးသဖြင့် အာရုန်၏ ဆွေစဥ်မျိုးဆက်ထဲမှ ရွေးချယ်ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် လူများအတွက် ကိုယ်စားပြုသူအဖြစ် ခန့်အပ်ထားကြောင်း ဟေဗြဲ ဩဝါဒစာရေးသူက ထောက်ပြခဲ့သည်။ “သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်း ရှိသည်ဖြစ်၍၊ ... လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှာ ...”၊ “ပူဇော်သက္ကာ(နှင့်) အပြစ်ဖြေရာယဇ်ကို” ပူဇော်ရန် တစ်နှစ်လျှင်တစ်ကြိမ်…

ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုတွင် ဘတ်ဖလိုဘေးလ်စ် (Buffalo Bills) အဖွဲ့မှ ဒါမာ ဟမ်လင်း (Damar Hamlin) သည် ပုံမှန် ဘောလုံး သယ်လာသူကို ဝင်လုရာမှ လဲကျသွားရာ၊ ပရိသတ်များ ကြက်သေသေသွားခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကစားသမားသည် ရုတ်တရက် နှလုံးရပ်သွားခဲ့သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ကုသပေးမှုဖြင့် ကစားကွင်းထဲ၌ပင် ပြန်လည်နှလုံးခုန်လာခဲ့သည်။ အံ့ဩစရာမှာ ဟမ်လင်းသည် ကွင်းထဲမှာပင် သေမလိုဖြစ်ခဲ့ပြီး၊ သတိပြန်လည်လာကာ၊ သုံးလအကြာတွင် ဘောလုံးပြန်ကစားနိုင်ပြီဟု ရှင်းလင်းသောအဖြေရခဲ့သည်။

ဟမ်လင်းက ဘုရားသခင်နှင့် သူ၏အသက်ကို ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး၊ သူသည် အခြားသူများကို အားပေးလှုံ့ဆော်သူဆက်ဖြစ်နေရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး(၁၁)တွင် လာဇရုသည် မှတ်မှတ်ရရ အံ့ဩဖွယ် ပြန်လည်ကျန်းမာလာခဲ့သည်။

ဗေသနိရွာသို့ သခင်ယေရှုရောက်ရှိချိန်တွင် လာဇရုသေသည်မှာ၄ ရက်ပင် ရှိနေပြီးဖြစ်သည်။ ကြေကွဲနေသော မာရိနှင့်မာသ…

ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ

Katie Ledecky(ကေတီလဒက်ကီ)သည် သူအကျွမ်းကျင်ဆုံးရေကူးအားကစားဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၏ မီတာ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ယှဥ်ပြိုင်ရင်း တစ်ကြော့ပြီးတစ်ကြော့ ကူးခတ်ခဲ့သည်။ သူမသည် ၁၅ မိနစ်ခန့် စောပြီး အခြားရေကူးသမားများ၏ရှေ့မှပန်းဝင်ခဲ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေသည်။ ထိုတာဝေးရေကူးပြိုင်ပွဲတွင် လဒက်ကီသည် မည်သည့် အရာများကို တွေးနေသနည်း။ သူမ အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည့်ပြိုင်ပွဲအပြီး ချက်ချင်းပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် လဒက်ကီ သည် သူမ၏လေ့ကျင့်ဖော်များအကြောင်း စဉ်းစားနေပြီး၊ ၎င်းတို့၏အမည်များကို စိတ်ထဲ၌ ရေရွတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝေးရေကူးသမားများသာ မှန်ကန်သောအရာများအပေါ် အာရုံစိုက်ရန် လိုအပ်သူများ မဟုတ်ပါ။ သခင်ယေရှု၌ ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခရီးတစ်လျှောက်တွင် မိမိ၏အတွေးများကို စောင့်ထိန်းရန်လိုသည်။

တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ဆုတောင်းပတ္ထနာပြု”ကာ၊ “သခင်ဘုရား၌ ဝမ်းမြောက် ရန်” ခွန်အားပေးခဲ့သည်(ဖိ၄:၄-၆)။ ရလဒ်အနေဖြင့် “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည်…

ဝိညာဉ်ရေးရာမျိုးဆက်

လွန်ခဲ့သောနှစ်အတန်ကြာက မျိုးရိုးဗီဇစစ်ဆေးမှုကို ကျွန်မလုပ်ဆောင်ခဲ့ပြီးနောက် ကျွန်မ၏ဘိုးဘေးများအကြောင်း ကျွန်မသိချင်လာသည်။ ဆွေမျိုးအချို့တို့အကြောင်းကို ကွယ်လွန်သွားပြီဖြစ်သောဖခင်နှင့်မိခင်တို့ထံမှ ကြားသိခဲ့ရသည့်အတွက် ကျွန်မဝမ်းမြောက်မိသည်။ ကျွန်မ၏ဘိုးဘေးများအကြောင်း ကြားသိရခြင်းဖြင့် ကျွန်မ၏မျိုးရိုးဇစ်မြစ်နှင့်ချိတ်ဆက်မှုကို ခံစားရစေပြီး သူတို့၏ အတွေ့အကြုံများမှ တစ်ဆင့် သင်ယူခွင့်ရစေခဲ့သည်။

ကျွန်မတို့၏ဝိညာဉ်ရေးရာမျိုးရိုးနှင့်ပက်သက်လာလျှင် ( မ ၁:၁-၁၇) နှင့် (လု ၃:၂၃-၃၈)တို့တွင် မှတ်တမ်းတင်ထားသည့် ရှင်ယေရှု၏ မျိုးရိုးစဥ်ဆက်က ထူးမြတ်သော လက်ဆောင်တစ်ခုဖြစ်သည်။ သခင်ယေရှု၏မျိုးရိုးမှတ်တမ်းအရ ကိုယ်တော်သည် မေရှိယဖြစ်ပြီး၊ အာဗြံဟံမှ တိုက်ရိုက်ဆင်းသက်လာသောမျိုးဆက်ဖြစ်သည်။

ကိုယ်တော်၏မျိုးရိုးရာဇဝင်ကို ဖတ်ရှုသည့်အခါ "လူမျိုးအများတို့၏အဘ" ဖြစ်စေမည်ဟု အာဗြဟံနှင့်ထားရှိခဲ့သည့်ကတိတော်အပေါ် ဘုရား၏သစ္စာရှိမှုကို တွေ့မြင်ရသည်(က ၁၇:၁-၈)။ ထိုကတိတော်ပြည့်စုံပြီး၊ နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် တမန်တော်ရှင်မဿဲက ”အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှု၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း”ကို ရေးခဲ့သည်(မ ၁:၁)။

သမ္မာကျမ်းစာမှ ဖော်ပြသည့် ယေရှု၏မျိုးရိုးစဥ်ဆက်စာရင်းက ကိုယ်တော်၏ ယုဒလူမျိုး ပရောဖက်ပြုထားသည့် မေရှိယဖြစ်ခြင်းကို ပြနေသည်။ ဒါဝိဒ်မင်းကဲ့သို့သော တော်ဝင်မျိုးဆက်၏အမည်နှင့် လက်သမားယောသပ်ကဲ့သို့သော…

ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါ

မိသားစုဝင်များ လာရောက်လည်ပတ်ခြင်းမရှိသော ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ နေထိုင်သူများ၊ အိမ်ထဲ၌ တစ်ယောက်တည်း အထီးကျန်စွာ မနေချင်သောကြောင့် အပြင်သွားလျက် အချိန်ဖြုန်းသော မုဆိုးမ၊ ရင်ဖွင့်တိုင်ပင်စရာတစ်ဦးမှမရှိသော သာသနာ့ခေါင်းဆောင်များနှင့် လျစ်လျူရှုခြင်း ခံရလျက် အထီးကျန်လျက်ရှိသော အိမ်ယာမဲ့များ စသည်ဖြင့် အကြောင်းအမျိုးမျိုးနှင့် အထီးကျန်မှုကို ရင်ဆိုင်နေရသူများစွာကို လွန်ခဲ့သည့်နှစ်များတစ်လျှောက်တွင် ကျွန်မအားပေးတိုက်တွန်းလျက် သူတို့အတွက် ဆုတောင်းပေးခဲ့သည်။

အထီးကျန်မှုက မည်သည့်အချိန်၌ဖြစ်ပါစေ မည်သူ့ကိုမဆို ရိုက်ခတ်နိုင်ပါသည်။ အမေရိကန်နိုင်ငံ ဆရာဝန်များ အသင်းမှ ၂၀၂၃ ခုနှစ်၌ အထီးကျန်မှုကူးစက်ရောဂါအကြောင်း သတိပေးသည့် အကြံပေးစာတမ်းကို ထုတ်ဝေခဲ့သည်။ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူဦးရေ ထက်ဝက်ခန့်က အထီးကျန်မှုကို ခံစားခဲ့ရပြီး အထီးကျန်ခြင်းသည် နေ့စဥ် စီးကရက်တစ်ဒါဇင်သောက်သကဲ့သို့ ဆိုးရွားသည့်ထိခိုက်မှု ရှိနိုင်သည်ဟု ထိုအကြံပေးစာအရ သိရသည်။

မောရှေသည် သူ့နေရာ၌ဆက်ခံမည့်သူ ယောရှုထံ ခေါင်းဆောင်မှုကို လက်လွှဲရန် အသင့်ဖြစ်ချိန်၌ ဣသရေလလူမျိုးတို့အား ကတိတော်မြေသို့ ဝင်ရောက်ရာတွင် တိုက်ပွဲများကို…

သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုဖြင့်

လမ်းပြအက်ပ်(App)မှ အမေရိကန်နိုင်ငံ Las Vegas(လပ်စ်ဗေးဂတ်စ်) မှ Los Angeles (လော့စ် အင်ဂျလိစ်) သို့ သွားရာ လမ်းခရီးကြာချိန်ကို ၁ နာရီ လျော့စေမည့်ဖြတ်လမ်းကိုပြသောအခါ Shelby Easler (ရှဲဘီ အက်စ်လာ)နှင့် သူ၏အစ်ကိုတို့သည် ထိုလမ်းညွှန်ချက်နောက် လိုက်ခဲ့သည်။ သို့သော် ထို“ဖြတ်လမ်း”မှာ ရွံ့ထဲတွင် နာရီပေါင်းများစွာ မောင်းနှင်ရပြီး၊ ကယ်လီဖိုးနီးယား ပြည်နယ် Mojave (မိုဂျေ့ဗ်)ကန္တာရ၏ သဲမုန်တိုင်း၌ သူတို့ နှစ်ဦးအချိန်အတော်ကြာ ပိတ်မိနေခဲ့သည်။ ထိုလမ်းမှ သူတို့လှည့်ပြန်နိုင်ခဲ့သော်လည်း ကြမ်းတမ်းသော လမ်းခရီးကြောင့် ကားပျက်စီးပြီး ကားဆွဲပြန်ခဲ့ရသည်။ ထိုလမ်းညွှန်ဆော့ဝဲ ဖန်တီးသူသည် မှားယွင်းသော လမ်းညွှန်ချက်များအတိုင်း သွားခဲ့သည့် ခရီးသွားများစွာတို့ကို တောင်းပန်ခဲ့သည်။

မည်သူထံမှ ကျွန်ုပ်တို့လမ်းညွှန်မှု ခံယူသည်က အရေးကြီးသည်။ ယေရှုကို ယုံကြည်သူများအနေနှင့်၊ သမ္မာတရားနှင့်စပ်လျဥ်း၍ ဦးဆောင်လမ်းညွှန်မှုအတွက် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးထားပါသည်။

ယေရှုသည်…

ယုံကြည်ခြင်း၌ မြဲမြံစွာရပ်တည်ခြင်း

လွန်ခဲ့သောနှစ်အတန်ကြာက အလုပ်သို့ ရထားစီးသွားရန် ဘူတာသို့လမ်းလျှောက်သွားစဉ် ကျွန်မဘက်သို့ လာနေသည့် ရန်လိုနေပုံပေါက်သည့်ခွေးနှင့်၎င်း၏ပိုင်ရှင်အမျိုးသမီးကို တွေ့ခဲ့ရသည်။ အိမ်မွေးခွေးများအနီးအနား၌ ကျွန်မကြီးပြင်းလာခဲ့၍ အမွှေးထူထူနှင့်မိတ်ဆွေများကို တော်ရုံ ကျွန်မကြောက်လေ့မရှိပါ။ သို့သော် ထိုခွေးသည် အလွန်အန္တရာယ်ရှိပုံပေါ်ပြီး၊ ၎င်းကို မသိလိုက်ဘာသာနေရန် ကြိုးစားခဲ့သော်လည်း နီးလာလေ ကျွန်မကို ဟောင်ပြီး လှမ်းခုန်အုပ်မည်ပြုသော ကြောင့် ကျွန်မ အော်လိုက်မိသည်။ ထိုခွေးသည် ကျွန်မကို မမှီသောကြောင့် ကျွန်မကို အန္တရာယ်မပြုနိုင်ခဲ့၍ တော်တော့သည်။ ပိုင်ရှင်က ခွေးထိန်းကြိုးကို သေချာ တင်းကြပ်စွာ ကိုင်ထားခဲ့သောကြောင့်ပင်။

ထိုကြောက်စရာအတွေ့အကြုံက စာတန်သည် “ထိန်းသိမ်းခံ”ထားရသော်လည်း ကျွန်မတို့ သူ့အား အခွင့်ပေးလိုက်သည်နှင့် ကျွန်မတို့ကို တိုက်ခိုက်ရန် စောင့်နေကြောင်း ခရစ်တော် နောက်တော်လိုက် ယုံကြည်သူများအား သတိပေးနေသည်။ ၁ပေတွင် ရှင်ပေတရုက “သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည် နည်းဟူ၍လှည့်လည်ရှာဖွေလျက်ရှိ၏”ဟူ၍ ကျွန်မတို့ကို သတိပေးသည်(၅:၈)။ စာတန်သည်…

ယုံကြည်ခြင်းဖြင့် ခုန်လွှားခြင်း

အနောက်အန္တာတိကဒေသရှိ ၆ လသားအရွယ် ပင်ဂွင်းငှက် ၇၀၀ ခန့်သည် မာကျော သောရေပြင်အထက် ပေ ၅၀ မြင့်သည့် ရေခဲတောင်ထိပ်တွင် တိုးဝှေ့သွားလာနေကြသည်။ ထိုအထဲမှ ပင်ဂွင်းငှက်တစ်ကောင်သည် ရှေ့သို့ ဦးစိုက်ကာ အောက်ရှိ အေးခဲသောရေထဲသို့ ယုံကြည်ခြင်းဖြင့် ခုန်ချလိုက်ပြီး အဝေးသို့ ရေကူးသွားသည်။ မကြာမီ အခြားပင်ဂွင်းငှက်များလည်း ထိုနည်းအတိုင်း လိုက်၍ခုန်ချကြတော့သည်။

ငယ်ရွယ်သောပင်ဂွင်းငှက်များသည် ပေအနည်းငယ်အမြင့်မှ ရေပြင်ပေါ်သို့ခုန်ချ ပြီး ပထမဦးဆုံးရေကူးခြင်း အတွေ့အကြုံကိုရယူလေ့ရှိသည်။ ပင်ဂွင်းအုပ်စု၏သေခြင်း ဖီဆန်ကာ ခုန်လွှားလိုက်ပုံကို ကင်မရာ၌ ပထမဆုံး ဓာတ်ပုံ ရိုက်ယူမိခြင်းဖြစ်သည်။

ပထမဦးဆုံးရေကူးခြင်း အတွေ့အကြုံရယူရန် ဘာဖြစ်မည်မသိသောနေရာသို့ မျက်ကန်းကဲ့သို့ခုန်ချသော ထိုပင်ဂွင်းငှက်တို့၏လုပ်ရပ်သည် ကယ်တင်ခြင်းရရှိရန် လူတစ်ဦးတစ်ယောက်က သခင်ယေရှုကို ယုံကြည်ကိုးစားခြင်းနှင့် ဆင်တူသည်ဟု အချို့က ပြောကြသည်။ သို့သော်လည်း ကိုယ်တော့်ကိုယုံကြည်ခြင်းသည် ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဟေဗြဲသြဝါဒစာကို ရေးသားသူက “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို…